10 March 2010

" အရင် အချိန် "

ဘယ်အချိန်ပဲ ဖြစ်ဖြစ်
နင့်အကြောင်းတွေးမိတိုင်း
ငါရင်တွေခုန်နေတုန်းပဲ .....
နင်နဲ့အတူလျှောက်ခဲ့တဲ့ လမ်းလေးကိုရောက်တိုင်း
ငါနင့်ကိုလွမ်းမိတယ် .....
နင်ပြောခဲ့တဲ့စကားတွေကို
ပြန်ကြားမိတိုင်း ငါရင်ထဲကြည်နူးမိတုန်းပဲ .....
နင်လိမ်ခဲ့သည်ဖြစ်စေ
ရင်ထဲကအတိုင်းပြောခဲ့သည်ဖြစ်စေ
ငါကျေနပ်မိခဲ့ပါတယ် .....
နင်ဘယ်ကိုရောက်နေလဲ ငါမသိပါဘူး
နင်ရှိမယ့်နေရာကိုမှန်းစပြီး
ငါလွမ်းတယ် .....
နင့်ကိုပြောမယ်ဆိုပြီးမပြောလိုက်ရတဲ့
ချစ်တယ်ဆိုတဲ့စကား
နောက်တခါ ငါတို့ပြန်ဆုံရင်
ငါနင်သိအောင်ပြောချင်ပါတယ် .....
နင်နားထောင်ချင်သေးတယ်ဆိုရင်ပေါ့လေ .....
ငါအခုနင့်ကို အရမ်းသတိရနေတာ
နင့်ကိုသိစေချင်လိုက်တာ .........။ ။

No comments: