13 May 2009

“ သံယောဇဉ် ”

ကောင်မလေးရေ .....
သံယောဇဉ်ဆိုတာကို မင်းဘယ်လိုနားလည်မလဲ ...
ခင်မင်မှုဆိုတာကိုရော မင်းဘယ်လိုဆုံးဖြတ်မှာလဲ ...

မင်းမသိတဲ့ ... မင်းမမြင်ဖူးတဲ့ ...
လူတစ်ယောက်ရဲ့ ခံစားချက်ကိုရော
မင်းဘယ်လောက်ထိ နားလည်ပေးမှာလဲ ...

ဘယ်လိုပဲဖြစ်ဖြစ်လေ ...
ငါ့ရင်ထဲမှာ မင်းရှိနေမယ် ...
ငါမသိတဲ့မင်းကို စဉ်းစားရင်းလွမ်းနေမယ် ...
စိတ်အရမ်းကောက်တတ်တဲ့ ကောင်မလေး
ဘယ်လိုပုံစံလဲ ဆိုတာကို တွေးရင်းနဲ့
ကြည်နူးနေမယ် .....

မင်းကျေနပ်တဲ့အထိ
ငါ တတ်နိုင်တာတွေကို ဖြည့်ဆည်းပေးချင်တယ်
ယုံလား ..... ?

No comments: