13 May 2009

“ ကောင်မလေးအတွက် ”

ကောင်မလေးရေ .....
နှုတ်မဆက်ဘဲ ထွက်ခွါသွားသူမှာ
သံယောဇဉ် ဆိုတာ
ရှိနိုင်ပါဦးမလား ...

မျှော်လင့်မနေပါနဲ့
ယုံကြည်မှုဆိုတာ
ဟန်ဆောင်တတ်သူတွေအတွက်
ပေးအပ်ဖို့ မကောင်းတဲ့အရာပါ

ဝေး ဝေးထွက်ပြေးသူကို
တွေး တွေးပြီးဆွေးနေရင်
နူးညံ့လွန်းတဲ့
နှလုံးသားသာ အက်ကွဲကြောင်းတွေ
အရာထပ်လိမ့်မယ်

ကြယ်တစ်စင်း ကြွေသွားတိုင်း
နှမြောတသ မနေပါနဲ့
ကောင်းကင်ပေါ်မှာ ကြယ်တွေက
ရေတွက်လို့မရအောင်
များပြားပါတယ်ကွာ.....။

No comments: