" ၀န်ခံခြင်း "
တကယ်တော့.....
ကိုယ်ဟာမင်းအတွက်
အဖြည့်ခံတစ်ယောက်သာ
ဖြစ်ချင်နေခဲ့သူပါကွာ.......။
အနီးဆုံးသို့လာနေပေမဲ့
နောက်ဆုတ်ဖို့လည်းသိနေသူမို့
မင်းအနားကနေအဝေးဆုံးကိုပဲ
ထွက်ပြေးချင်နေခဲ့သူပါကွာ........။
ဘာမှမသေချာတော့တဲ့
လောကကြီးရဲ့အလယ်မှာ
ကိုယ်အတွက်လေ
ချစ်ပိုင်ခွင့်ဆိုတာလည်းမရှိခဲ့တာကြောင့်
နှလုံးသားရဲ့ပြတင်းပေါက်တွေကို
သော့ခတ်ကာပိတ်ပစ်မိခဲ့သူပါကွာ......။
သတ္တိနည်းတယ်လို့ပဲဆိုဆို
ချစ်ခြင်းရဲ့လက်နက်ဖြစ်တဲ့
အလွမ်းဝေဒနာကိုလေ
ကိုယ်တကယ်ကိုပဲ
မပိုင်ဆိုင်ချင်တော့လို့ပါကွာ......။
ဖြစ်နိုင်မယ်ဆိုရင်လေ........
ကျေးဇူးပြုပြီ........
မင်းအချစ်တွေရုတ်သိမ်းပေးလှည့်ပါကွာ.....။
No comments:
Post a Comment