05 March 2009

" ချစ်သူ......သို့ "

တမ်းတမိပါတယ်...ချစ်သူ
ပြန်လည်ကာမရနိုင်တော့တဲ့
မင်းရဲ့နွေးထွေးတဲ့အကြင်နာ
ချစ်ခြင်းတရားတွေကိုလေ.......။

မေးခွန်းတွေအထပ်ထပ်နဲ့
ဒဏ်ရာတွေပြည့်နှက်နေတဲ့
နှလုံးသားပုစ္ဆာလည်းလေ
မင်းနဲ့မိုင်ပေါင်းများစွာ
ဝေးကွာသွားမှပဲ
အဖြေထွက်လာခဲ့ပြီလေ.......။

ထားပစ်ခဲ့ခြင်းမဟုတ်ခဲ့သလို
ပြန်လာဖို့လည်းမဖြစ်နိုင်တော့တဲ့
ဒီရာသီမှာ နောင်တတွေနဲ့အတူ
မျှော်လင့်ခြင်း လမ်းကျဉ်းလေးထဲမှာ
ကိုယ်တစ်ယောက်တည်း
အေးခဲစွာ ရှင်သန်ရဦးမယ်လေ.....။

ချစ်သူလေးရေ......
လွဲမှားသွားတဲ့နားလည်မှုဆိုတာ
မင်းနဲ့ကိုယ့်ကိုယ်
ဝေးကွာသွားစေခဲ့တာပဲဖြစ်မှာပါကွာ.......။

No comments: