" ရင်ထဲကအချစ် "
ကလေးရေ....
သံယောဇဉ်ဆိုတာ
အချစ်အတွက်တွန်းအား
တစ်ခုသာဖြစ်ခဲ့မယ်ဆိုရင်
ငါလေ.....
သံယောဇဉ်ဆိုတဲ့ကြိုးနဲ့
မင်းနှလုံးသားလေးကို
ပထမဦးဆုံး “ စ ”ချည်ချင်ပါတယ်...။
ကလေးရေ...
သတိရရဲ့လားလို့
မင်းနဲ့ဆုံခွင့်ရတိုင်းဖွင့်မေးဖို့
ကြိုးစားချင်ပေမဲ့လည်း
ငါလေ....
ရင်ထဲမှာပဲ့တင်သံတွေအဖြစ်နဲ့ပဲ
အဆုံးသတ်နေခဲ့ပါတယ်....။
ဒါပေမဲ့....
ငါလေ.....
မင်းမျက်ဝန်းလေးတွေကိုရင်ခုန်
ချိုမြိန်တဲ့မင်းအပြုံးလေးနဲ့
သာယာတဲ့မင်းအသံတွေကြားမှာ
မိုက်မဲစွာယစ်မူး
ရုန်းထွက်ဖို့မေ့လောက်အောင်
အလူးအလိမ့်ကိုကျရှုံးနေပါတယ်....။
ကလေးရေ...
အခုဆိုရင်ငါ့ဆီမှာ
မင်းအတွက်ချစ်ခြင်းတွေ
ရင်ထဲမှာအပြည့်ရှိပါရဲ့
ပေးခွင့်မရသေးတဲ့ဘ၀မှာတော့
နှလုံးသားပြတိုက်ထဲမှာပဲ
ငါလေအသေအချာ
သိမ်းဆည်းထားပါတယ်....။
No comments:
Post a Comment