05 March 2009

" အချစ်ရှုံးသူ "

အပြစ်ကင်းတဲ့
ကိုယ်ကိုမင်းမေ့ထားနိုင်ဖို့
ဘယ်လိုနှလုံးသားများကို
ပိုင်ဆိုင်နေခဲ့သလဲကွယ်......။

ကိုယ်လည်းလေ
မင်းလိုအားလုံးကို
မေ့ပစ်နိုင်ဖို့အတွက်
စာနာခြင်းကင်းသူပဲ
ဖြစ်ချင်ပါတော့တယ်......။

ဒါပေမဲ့လေ....
မင်းပျော်တယ်ဆိုရင်
ကိုယ်ရဲ့လမင်းကမ္ဘာကို
(ကိုယ်မဟုတ်တဲ့)
မင်းချစ်သူနဲ့
အလည်လာနိုင်ပါတယ်လေ......။

ကိုယ်ရင်ခွင်
နာချင်နာပါစေတော့ကွာ
မင်းကိုမမေ့နိုင်သမျှတော့
ပေးဆပ်သူအဖြစ်နဲ့
ကိုယ်ကျေနပ်နေရမှာပေါ့လေ......။

No comments: