" လွမ်းမိသောညများ "
ချစ်သူရေ.....
ကိုယ်တို့နှစ်ယောက်ရဲ့
ခွဲခွာခြင်းကာလအားဖြင့်
မကြာသေးပေမဲ့လည်း
ကိုယ့်အတွက်တော့
ညများစွာအိပ်စက်ခြင်း မဲ့ခဲ့ရတယ်...
ကိန္ဒရီ၊ ကိန္ဒရာ
တစ်ညတာချောင်းခြားတာ
ရက်ပေါင်းခုနှစ်ရာ
ဆွေးရတယ်ဆိုရင်...
မင်းနဲ့......
ညပေါင်းများစွာဝေးကွာနေရတဲ့
ကိုယ့်အတွက်တော့
အလွမ်းတွေအနန္တပါပဲ...
ဂစ်တာတစ်လက်ရဲ့
ညီညာတဲ့သံစဉ်တွေနဲ့အတူ
ညစဉ်......
မင်းကိုလွမ်းလွန်းလို့
အချိန်တိုင်းအလွမ်းသီချင်းတွေကို
ကိုယ်သီဆိုနေဆဲပါကွာ.....။
No comments:
Post a Comment