လွမ်းတယ်..
သတိရတိုင်းမင်းပို.ထားခဲ့တဲ့
စာလေးတွေပြန်ဖတ်ရင်း
ငါကျေနပ်နေဆဲပါ ................
လမ်းခွဲခါနီးမင်းပြောခဲ့တဲ့စကားလေးတစ်ခွန်း
ငါမှတ်မိနေသေးတယ် ......
`` ဖြစ်နိုင်ရင်သူငယ်ချင်းလိုနေကြရအောင်တဲ့ ´´
ငါလက်ခံပေးခဲ့ပါတယ် ............
အခုတော့....
လွမ်းနေသူရင်ထဲမှာ
မွန်းကျပ်နေတဲ့စကားလေးတွေကို
သူငယ်ချင်းလေးအဖြစ်နဲ့
တစ်ချိန်ကချစ်သူကိုပြောချင်ပါတယ် ......
ငါမင်းကိုတစ်ရက်မှ မေ့လို့မရခဲ့ပါဘူး..............တကယ်ပါ...........။
02 November 2011
01 November 2011
လေးနက်တဲ့...အချစ်ဆိုတဲ့အရာ
တစ်ဦးအပေါ်တစ်ဦး တိတ်တခိုး ချစ်ကြိုက်နေကြတဲ့
လုပ်ဖော်ကိုင်ဖက်အတွတ်အသက်ပေးသွားတော့
ဒီအသက်အရွယ်ရောက်အောင်ပင်ပန်းကြီးစွာပြုစုခဲ့တဲ့ကိုယ့်မိဖအတွတ်ဘာကျန်တော့မလဲ?.
တောင်တန်းတစ်ခုလုံးကို အဖြူရောင်နှင်းတွေနဲ့ ဖုံးလွှမ်းထားတယ်။ လေတစ်ချက်အဝေ့မှာ
နှင်းမှုန်တွေက စက်ဝိုင်းသဏ္ဍာန် ဘယ်ညာ ယိမ်းကလို့... လူသူအရောက်အပေါက်နည်းတဲ့
ဒီတောင်ကို နှင်းတွေက ကြီးစိုးချင်သလို ကြီးစိုးဝါးမြိုထားကြတယ်။
မတ်စောက်တဲ့ တောင်စောင်းတစ်နေရာမှာ လူနှစ်ယောက် ဖြေးဖြေးချင်း ရွေ့လျားနေတယ်။
သူတို့က တောင်တက်သမားတွေဖြစ်ပြီး လမ်းတစ်ဝက်မှာ နှင်းမုန်တိုင်းမိခဲ့လို့
လမ်းမှားလာကြသူတွေ ဖြစ်တယ်။ သူတို့က တစ်ဦးအပေါ်တစ်ဦး တိတ်တခိုး
ချစ်ကြိုက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တယ်။ တောင်တက်တဲ့ ခရီးစဉ်ကို
ကောင်လေးစခဲ့တာဖြစ်တယ်။
နှင်းမိုးက ရွာလေသည်းလေဖြစ်နေတယ်။ ခြေတစ်လှမ်းတိုင်း သူတို့ အားအင်တွေ
စိုက်ထုတ်နေရတယ်။ သူတို့နှစ်ယောက် လက်ချင်းတွဲပြီး ဒူးဆစ်ထိနက်တဲ့ နှင်းထဲကနေ
ရှေ့ကိုဆက်သွားနေခဲ့တယ်။
နှင်းတွေနဲ့ သူတို့အဝတ်အစားတွေ စိုရွဲနေခဲ့တယ်။ လေအေးတစ်ချက်တိုက်တိုင်း
ပြာနှမ်းနေပြီဖြစ်တဲ့ နုတ်ခမ်းနဲ့ သူတို့ခိုက်ခိုက်တုန်အောင် အေးခဲနေခဲ့တယ်။
လမ်းပျောက်တာ သုံးရက်ရှိပြီဖြစ်ပေမယ့် ထွက်ပေါက်ကို သူတို့ရှာမတွေ့ခဲ့ဘူး။
အင်အားတွေလည်း ကုန်ခမ်းနေပါပြီ။ အဆိုးဆုံးက အစားအစာတွေ မလုံလောက်တာဖြစ်တယ်။
ကောင်လေးက စားစရာအားလုံးကို ကောင်မလေးရဲ့ အိတ်ထဲထည့်ပြီး တစ်နေ့တာရဲ့ အစာကို
ထိန်းချုပ်စေခဲ့တယ်။
တောအုပ်တစ်ခုအဖြတ်မှာ ကောင်မလေးချော်လဲပြီး ခြေထောက်ကို ထိခိုက်မိသွားခဲ့တယ်။
ခန္ဓာကိုယ်ကို အနိုင်နိုင် သယ်ထားရတဲ့ ကောင်လေးက ကောင်မလေးကို ကျောပိုးပြီး
ရှေ့ဆက်ဖို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ဘူး။ ကောင်လေးတစ်ယောက်တည်း ရှေ့ဆက်ပြီး
ထွက်ပေါက်တွေ့မှ ကောင်မလေးကို ပြန်လာကယ်ဖို့က လွဲပြီး တစ်ခြားနည်းမရှိခဲ့ဘူး။
ကောင်မလေးအတွက် ရွက်တဲတစ်ခုကို ကောင်လေးဆောက်ပေးလိုက်တယ်။
အစာစားချိန်မှာ ကောင်မလေးက ကောင်လေးကို "ကိတ်ခြောက် (၈)ချပ်ကျန်သေးတယ်။ တစ်ယောက်
၎ချပ်စီ စားရအောင်.. ရေနွေးကြိုလိုက်ပါလား" လို့ ပြောလိုက်တယ်။ ကောင်လေး
ရေကြိုနေတုန်းမှာ ကောင်မလေးက ကိတ်ခြောက်တွေကိုခွဲပြီး အိတ်ကိုယ်စီထဲ
ထည့်လိုက်တယ်။ တအောင့်ကြာမှာ ကောင်လေး ပြန်ဝင်လာပြီး ကောင်မလေးကို "ငါ
ချက်ချင်း ပြန်လာခဲ့မယ်။ စောင့်နေနော် " လို့မှာပြီး ထွက်သွားခဲ့တယ်။
အဲဒီအချိန်ထိ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း ဖွင့်မပြောကြသေးဘူး။
ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်ယောက်က ခွဲထွက်သွားရင် ဒီခွဲခွာခြင်းက ဘယ်တော့မှ
ပြန်မဆုံနိုင်တဲ့ ခွဲခွာခြင်းပဲဖြစ်တယ်။ တကယ်လို့ ရင်ထဲက အချစ်တွေကို
ဖွင့်ပြောပြီးမှ သူတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင် ကျန်ရစ်နိုင်မယ်ဆိုရင်
ကျန်ရစ်ခဲ့သူက ဘဝတစ်လျှောက်လုံးမှာ သွားလေသူကို အောင်းမေ့တမ်းတနေတော့မယ်။
ရင်ထဲက အချစ်တွေကို ထုတ်ဖော်မပြောဘဲ ခွဲထွက်သွားရင် ပိုကောင်းလိမ့်မယ်
ထင်ပါတယ်။ ကောင်မလေးအတွက် အိပ်ရာအိတ်ကို ကောင်လေးဖြန့်ခင်းပေးပြီး နေရာကနေ
သူလှည့်ထွက်လာခဲ့တယ်။ ကောင်မလေးကို ပြန်လာကယ်ဖို့ လမ်းနေရာတိုင်းကို ကောင်လေး
အမှတ်အသားလုပ်ခဲ့တယ်။
နှင်းတောထဲမှာ စမ်းတဝါးဝါး ရှေ့ဆက်ရင်း နောက်ဆုံးမှာ ကောင်လေး အားပြတ်ပြီး
လဲကျသွားခဲ့တယ်။ သတိမလစ်ခင်မှာ ကောင်မလေးကို သူသတိရနေမိတယ်။
"သူ့အစာရေစာတွေ လုံလောက်ပါ့မလား? သူတောင့်ခံနိုင်ပါ့မလား?"
သတိရလို့ နိုးလာတဲ့အချိန် ကယ်ဆယ်ရေး ရွက်တဲထဲ သူရောက်နေတာကို
ကောင်လေးသတိထားလိုက်မိတယ်။ တောင်တက်ဖို့ ထွက်သွားပြီး ရက်အတော်ကြာ ပြန်မလာတဲ့
သူတို့ကို မိတ်ဆွေတွေက ကယ်ဆယ်ရေးအကူနဲ့ နှင်းတောထဲ ဝင်ရှာခဲ့တာဖြစ်တယ်။
ကယ်ဆယ်ရေးအဖွဲ့က ကောင်မလေးကို အရင်ရှာတွေ့တာဖြစ်ပြီး ကောင်လေးအမှတ်အသား
လုပ်ခဲ့တဲ့ လမ်းနောက် လိုက်ခဲ့လို့ သေလုမျောမျောဖြစ်နေတဲ့
ကောင်လေးကိုတွေ့ခဲ့တာဖြစ်တယ်။
ကယ်ဆယ်ရေးအဖွဲ့ရဲ့ ကုသပြုစုမှုကြောင့် ကောင်လေးရဲ့ကိုယ်အပူချိန်တွေ တက်လာခဲ့တယ်။
သတိရရချင်း ကောင်မလေးကို သူမေးခဲ့တယ်။ ဘယ်သူကမှ သူ့အမေးကို ပြန်မဖြေခဲ့ကြဘူး။
နောက်ဆုံးမှာ အဖွဲ့ခေါင်းဆောင်က စိတ်မကောင်းတဲ့ လေသံနဲ့
"သူမရှိတော့ဘူး... ရေကြိုဖို့ထွက်သွားပြီးနောက် တဲထဲကို ပြန်ဝင်ဖို့
သူအားပြတ်ခဲ့တယ် ထင်တယ်။ နှင်းပြင်မှာ အေးခဲပြီးသေနေတာကို ကျွန်တော်တို့
တွေ့လိုက်ရတယ်" လို့ ပြောလိုက်တယ်။
အဖြစ်အပျက် ၃နှစ် လွန်မြောက်ပြီးနောက် တခြားကောင်မလေးတစ်ယောက်နဲ့ ကောင်လေး
မင်္ဂလာဆောင်ခဲ့တယ်။ နှင်းတောထဲမှာ သေဆုံးခဲ့တဲ့ ကောင်မလေးကြောင့်
စိတ်ထိခိုက်ခဲ့တဲ့ ကောင်လေးကို ဒီကောင်မလေးက အားပေးဖေးမခဲ့တာဖြစ်တယ်။
ကောင်လေးကို ကယ်ဆယ်ခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်လည်း ဒီမင်္ဂလာပွဲကို
လာခဲ့ပါတယ်။ မင်္ဂလာပွဲပြီးနောက် အဖွဲ့ခေါင်းဆောင်က သင်္ချိုင်းတစ်ခုကို
ရောက်လာခဲ့တယ်။ အုတ်ဂူတစ်ခုရှေ့ရပ်ပြီး ဂူပေါ်မှာကပ်ထားတဲ့ ဓာတ်ပုံကို
သူကြည့်လိုက်တယ်။ ဓာတ်ပုံထဲက ပြုံးရွှင်နေတဲ့ ကောင်မလေးကို ကြည့်ပြီး.....
"စိတ်ချပါတော့..သူမင်္ဂလာဆောင်သွားပါပြီ။ သူပျော်ရွှင်နေပါတယ်... ကောင်းကင်ဘုံမှာ
စိတ်ချချ နေပါတော့ကွယ်" လို့ ပြောလိုက်တယ်။
တကယ်တော့ ကောင်မလေးက အေးခဲပြီး သေသွားတာ မဟုတ်ပါဘူး။ ကယ်ဆယ်ရေးအဖွဲ့
ရောက်သွားချိန် ရွက်တဲအိပ်ရာထက်မှာ သူလဲလျောင်းနေတာကို တွေ့ခဲ့ရတယ်။
ကောင်လေးခင်းပေးခဲ့တဲ့ အိပ်ရာထက်မှာ သူတစ်ဖဝါးမှ မခွါရက်ခဲ့ပါဘူး။ ဆာလောင်ပြီး
သူသေဆုံးခဲ့တာဖြစ်တယ်။ သူ့အိတ်ထဲ ရှာဖွေကြည့်တော့ ကိတ်ခြောက်အစား
ကျောက်ခဲတစ်ချို့ပဲ တွေ့ခဲ့ရတယ်။ တကယ်ဆို ကိတ်ခြောက်တွေက ၈ချပ်မကျန်ဘဲ ၄ချပ်ပဲ
ကျန်ခဲ့တာဖြစ်တယ်။ ကောင်လေးကို သူတကယ် ချစ်မြတ်နိုးခဲ့မိလို့ ကိတ်ခြောက်အားလုံး
ကောင်လေးကို ခွဲဝေပေးခဲ့တာဖြစ်တယ်။
ကယ်ဆယ်ရေးခေါင်းဆောင် သူ့ကိုတွေ့ခဲ့ချိန်မှာ သူတစ်ကိုယ်လုံး
အေးစက်တောင့်တင်းနေပါပြီ။ သူ့လက်ထဲမှာ စာရွက်တစ်ရွက်ကို တင်းတင်းလေး
ဆုတ်ကိုင်ထားတယ်။
"သူပြန်လာချိန်ထိ ကျွန်မတောင့်ခံနိုင်တော့ မဟုတ်ဘူး။ သူ့ကို ပြောမပြပါနဲ့...
သူ့ဘဝနဲ့သူ ပျော်ရွှင်နေပါစေ"
အချစ် ဘာကြောင့် လှပရသလဲ?
အချစ်လှပရခြင်းက မပြည့်စုံခြင်းကြောင့် ဖြစ်မယ်ထင်တယ်။
လူတစ်ချို့က လျှို့ဝှက်ချက်တစ်ခုကို ဘဝတစ်ခုလုံးနဲ့ သိမ်းပိုက်ထားခဲ့တယ်....
ထာဝရအောင်မြင်နိုင်ကြပါစေဗျာ .......အချစ်ဆိုတာ.....လူသားတိုင်းရဲ့ရင်နှလုံးသားမှာ...ကိန်းဝပ်နေတဲ့အရာပါ..
ချစ်ပုံ...ချစ်နည်း...တွေပဲကွဲပြားသွားတာပါ.....သူငယ်ချင်းတို့...အားလုံး.....အချစ်ဆိုတဲ့...ရသ...
ကိုပြောင်မြောက်စွာ......ချစ်နိုင်ကြပါစေ......ချစ်သူတိုင်းလည်း.....နားလည်မူတွေနဲ့....
ချစ်သူဘ၀ကိုသာယာစွာ ဖြတ်သန်းနိုင်ကြပါစေ...
သံသယဆိုတဲ့.....အရာတွေနဲ့.....ကင်းဝေးကြပါစေ....နားလည်ရင်...အချစ်ဆိုတာကြီးက....သယ်ချင်းတို့ ဘ၀ကိုအေးချမ်းစေမှာပါဗျာ....
( Fwd ; Mail လေးကရလို့ မျှဝေလိုက်တာပါ )
တောင်တန်းတစ်ခုလုံးကို အဖြူရောင်နှင်းတွေနဲ့ ဖုံးလွှမ်းထားတယ်။ လေတစ်ချက်အဝေ့မှာ
နှင်းမှုန်တွေက စက်ဝိုင်းသဏ္ဍာန် ဘယ်ညာ ယိမ်းကလို့... လူသူအရောက်အပေါက်နည်းတဲ့
ဒီတောင်ကို နှင်းတွေက ကြီးစိုးချင်သလို ကြီးစိုးဝါးမြိုထားကြတယ်။
မတ်စောက်တဲ့ တောင်စောင်းတစ်နေရာမှာ လူနှစ်ယောက် ဖြေးဖြေးချင်း ရွေ့လျားနေတယ်။
သူတို့က တောင်တက်သမားတွေဖြစ်ပြီး လမ်းတစ်ဝက်မှာ နှင်းမုန်တိုင်းမိခဲ့လို့
လမ်းမှားလာကြသူတွေ ဖြစ်တယ်။ သူတို့က တစ်ဦးအပေါ်တစ်ဦး တိတ်တခိုး
ချစ်ကြိုက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တယ်။ တောင်တက်တဲ့ ခရီးစဉ်ကို
ကောင်လေးစခဲ့တာဖြစ်တယ်။
နှင်းမိုးက ရွာလေသည်းလေဖြစ်နေတယ်။ ခြေတစ်လှမ်းတိုင်း သူတို့ အားအင်တွေ
စိုက်ထုတ်နေရတယ်။ သူတို့နှစ်ယောက် လက်ချင်းတွဲပြီး ဒူးဆစ်ထိနက်တဲ့ နှင်းထဲကနေ
ရှေ့ကိုဆက်သွားနေခဲ့တယ်။
နှင်းတွေနဲ့ သူတို့အဝတ်အစားတွေ စိုရွဲနေခဲ့တယ်။ လေအေးတစ်ချက်တိုက်တိုင်း
ပြာနှမ်းနေပြီဖြစ်တဲ့ နုတ်ခမ်းနဲ့ သူတို့ခိုက်ခိုက်တုန်အောင် အေးခဲနေခဲ့တယ်။
လမ်းပျောက်တာ သုံးရက်ရှိပြီဖြစ်ပေမယ့် ထွက်ပေါက်ကို သူတို့ရှာမတွေ့ခဲ့ဘူး။
အင်အားတွေလည်း ကုန်ခမ်းနေပါပြီ။ အဆိုးဆုံးက အစားအစာတွေ မလုံလောက်တာဖြစ်တယ်။
ကောင်လေးက စားစရာအားလုံးကို ကောင်မလေးရဲ့ အိတ်ထဲထည့်ပြီး တစ်နေ့တာရဲ့ အစာကို
ထိန်းချုပ်စေခဲ့တယ်။
တောအုပ်တစ်ခုအဖြတ်မှာ ကောင်မလေးချော်လဲပြီး ခြေထောက်ကို ထိခိုက်မိသွားခဲ့တယ်။
ခန္ဓာကိုယ်ကို အနိုင်နိုင် သယ်ထားရတဲ့ ကောင်လေးက ကောင်မလေးကို ကျောပိုးပြီး
ရှေ့ဆက်ဖို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ဘူး။ ကောင်လေးတစ်ယောက်တည်း ရှေ့ဆက်ပြီး
ထွက်ပေါက်တွေ့မှ ကောင်မလေးကို ပြန်လာကယ်ဖို့က လွဲပြီး တစ်ခြားနည်းမရှိခဲ့ဘူး။
ကောင်မလေးအတွက် ရွက်တဲတစ်ခုကို ကောင်လေးဆောက်ပေးလိုက်တယ်။
အစာစားချိန်မှာ ကောင်မလေးက ကောင်လေးကို "ကိတ်ခြောက် (၈)ချပ်ကျန်သေးတယ်။ တစ်ယောက်
၎ချပ်စီ စားရအောင်.. ရေနွေးကြိုလိုက်ပါလား" လို့ ပြောလိုက်တယ်။ ကောင်လေး
ရေကြိုနေတုန်းမှာ ကောင်မလေးက ကိတ်ခြောက်တွေကိုခွဲပြီး အိတ်ကိုယ်စီထဲ
ထည့်လိုက်တယ်။ တအောင့်ကြာမှာ ကောင်လေး ပြန်ဝင်လာပြီး ကောင်မလေးကို "ငါ
ချက်ချင်း ပြန်လာခဲ့မယ်။ စောင့်နေနော် " လို့မှာပြီး ထွက်သွားခဲ့တယ်။
အဲဒီအချိန်ထိ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း ဖွင့်မပြောကြသေးဘူး။
ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်ယောက်က ခွဲထွက်သွားရင် ဒီခွဲခွာခြင်းက ဘယ်တော့မှ
ပြန်မဆုံနိုင်တဲ့ ခွဲခွာခြင်းပဲဖြစ်တယ်။ တကယ်လို့ ရင်ထဲက အချစ်တွေကို
ဖွင့်ပြောပြီးမှ သူတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင် ကျန်ရစ်နိုင်မယ်ဆိုရင်
ကျန်ရစ်ခဲ့သူက ဘဝတစ်လျှောက်လုံးမှာ သွားလေသူကို အောင်းမေ့တမ်းတနေတော့မယ်။
ရင်ထဲက အချစ်တွေကို ထုတ်ဖော်မပြောဘဲ ခွဲထွက်သွားရင် ပိုကောင်းလိမ့်မယ်
ထင်ပါတယ်။ ကောင်မလေးအတွက် အိပ်ရာအိတ်ကို ကောင်လေးဖြန့်ခင်းပေးပြီး နေရာကနေ
သူလှည့်ထွက်လာခဲ့တယ်။ ကောင်မလေးကို ပြန်လာကယ်ဖို့ လမ်းနေရာတိုင်းကို ကောင်လေး
အမှတ်အသားလုပ်ခဲ့တယ်။
နှင်းတောထဲမှာ စမ်းတဝါးဝါး ရှေ့ဆက်ရင်း နောက်ဆုံးမှာ ကောင်လေး အားပြတ်ပြီး
လဲကျသွားခဲ့တယ်။ သတိမလစ်ခင်မှာ ကောင်မလေးကို သူသတိရနေမိတယ်။
"သူ့အစာရေစာတွေ လုံလောက်ပါ့မလား? သူတောင့်ခံနိုင်ပါ့မလား?"
သတိရလို့ နိုးလာတဲ့အချိန် ကယ်ဆယ်ရေး ရွက်တဲထဲ သူရောက်နေတာကို
ကောင်လေးသတိထားလိုက်မိတယ်။ တောင်တက်ဖို့ ထွက်သွားပြီး ရက်အတော်ကြာ ပြန်မလာတဲ့
သူတို့ကို မိတ်ဆွေတွေက ကယ်ဆယ်ရေးအကူနဲ့ နှင်းတောထဲ ဝင်ရှာခဲ့တာဖြစ်တယ်။
ကယ်ဆယ်ရေးအဖွဲ့က ကောင်မလေးကို အရင်ရှာတွေ့တာဖြစ်ပြီး ကောင်လေးအမှတ်အသား
လုပ်ခဲ့တဲ့ လမ်းနောက် လိုက်ခဲ့လို့ သေလုမျောမျောဖြစ်နေတဲ့
ကောင်လေးကိုတွေ့ခဲ့တာဖြစ်တယ်။
ကယ်ဆယ်ရေးအဖွဲ့ရဲ့ ကုသပြုစုမှုကြောင့် ကောင်လေးရဲ့ကိုယ်အပူချိန်တွေ တက်လာခဲ့တယ်။
သတိရရချင်း ကောင်မလေးကို သူမေးခဲ့တယ်။ ဘယ်သူကမှ သူ့အမေးကို ပြန်မဖြေခဲ့ကြဘူး။
နောက်ဆုံးမှာ အဖွဲ့ခေါင်းဆောင်က စိတ်မကောင်းတဲ့ လေသံနဲ့
"သူမရှိတော့ဘူး... ရေကြိုဖို့ထွက်သွားပြီးနောက် တဲထဲကို ပြန်ဝင်ဖို့
သူအားပြတ်ခဲ့တယ် ထင်တယ်။ နှင်းပြင်မှာ အေးခဲပြီးသေနေတာကို ကျွန်တော်တို့
တွေ့လိုက်ရတယ်" လို့ ပြောလိုက်တယ်။
အဖြစ်အပျက် ၃နှစ် လွန်မြောက်ပြီးနောက် တခြားကောင်မလေးတစ်ယောက်နဲ့ ကောင်လေး
မင်္ဂလာဆောင်ခဲ့တယ်။ နှင်းတောထဲမှာ သေဆုံးခဲ့တဲ့ ကောင်မလေးကြောင့်
စိတ်ထိခိုက်ခဲ့တဲ့ ကောင်လေးကို ဒီကောင်မလေးက အားပေးဖေးမခဲ့တာဖြစ်တယ်။
ကောင်လေးကို ကယ်ဆယ်ခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်လည်း ဒီမင်္ဂလာပွဲကို
လာခဲ့ပါတယ်။ မင်္ဂလာပွဲပြီးနောက် အဖွဲ့ခေါင်းဆောင်က သင်္ချိုင်းတစ်ခုကို
ရောက်လာခဲ့တယ်။ အုတ်ဂူတစ်ခုရှေ့ရပ်ပြီး ဂူပေါ်မှာကပ်ထားတဲ့ ဓာတ်ပုံကို
သူကြည့်လိုက်တယ်။ ဓာတ်ပုံထဲက ပြုံးရွှင်နေတဲ့ ကောင်မလေးကို ကြည့်ပြီး.....
"စိတ်ချပါတော့..သူမင်္ဂလာဆောင်သွာ
စိတ်ချချ နေပါတော့ကွယ်" လို့ ပြောလိုက်တယ်။
တကယ်တော့ ကောင်မလေးက အေးခဲပြီး သေသွားတာ မဟုတ်ပါဘူး။ ကယ်ဆယ်ရေးအဖွဲ့
ရောက်သွားချိန် ရွက်တဲအိပ်ရာထက်မှာ သူလဲလျောင်းနေတာကို တွေ့ခဲ့ရတယ်။
ကောင်လေးခင်းပေးခဲ့တဲ့ အိပ်ရာထက်မှာ သူတစ်ဖဝါးမှ မခွါရက်ခဲ့ပါဘူး။ ဆာလောင်ပြီး
သူသေဆုံးခဲ့တာဖြစ်တယ်။ သူ့အိတ်ထဲ ရှာဖွေကြည့်တော့ ကိတ်ခြောက်အစား
ကျောက်ခဲတစ်ချို့ပဲ တွေ့ခဲ့ရတယ်။ တကယ်ဆို ကိတ်ခြောက်တွေက ၈ချပ်မကျန်ဘဲ ၄ချပ်ပဲ
ကျန်ခဲ့တာဖြစ်တယ်။ ကောင်လေးကို သူတကယ် ချစ်မြတ်နိုးခဲ့မိလို့ ကိတ်ခြောက်အားလုံး
ကောင်လေးကို ခွဲဝေပေးခဲ့တာဖြစ်တယ်။
ကယ်ဆယ်ရေးခေါင်းဆောင် သူ့ကိုတွေ့ခဲ့ချိန်မှာ သူတစ်ကိုယ်လုံး
အေးစက်တောင့်တင်းနေပါပြီ။ သူ့လက်ထဲမှာ စာရွက်တစ်ရွက်ကို တင်းတင်းလေး
ဆုတ်ကိုင်ထားတယ်။
"သူပြန်လာချိန်ထိ ကျွန်မတောင့်ခံနိုင်တော့ မဟုတ်ဘူး။ သူ့ကို ပြောမပြပါနဲ့...
သူ့ဘဝနဲ့သူ ပျော်ရွှင်နေပါစေ"
အချစ် ဘာကြောင့် လှပရသလဲ?
အချစ်လှပရခြင်းက မပြည့်စုံခြင်းကြောင့် ဖြစ်မယ်ထင်တယ်။
လူတစ်ချို့က လျှို့ဝှက်ချက်တစ်ခုကို ဘဝတစ်ခုလုံးနဲ့ သိမ်းပိုက်ထားခဲ့တယ်....
ထာဝရအောင်မြင်နိုင်ကြပါစေဗျာ .......အချစ်ဆိုတာ.....လူသားတို
ချစ်ပုံ...ချစ်နည်း...တွေပဲကြွဲ
ကိုပြောင်မြောက်စွာ......ချစ်နိုင်ကြပါစေ......
ချစ်သူဘ၀ကိုသာယာစွာ ဖြတ်သန်းနိုင်ကြပါစေ...
သံသယဆိုတဲ့.....အရာတွေနဲ့.....
( Fwd ; Mail လေးကရလို့ မျှဝေလိုက်တာပါ )
10 March 2010
ထာဝရအတွက် (စောင့်မျှော်ဆဲပါ)
မင်းနဲ့ ` စ´ဆုံကတည်းက
ပျော်ရွှင်ခဲ့ရတဲ့ငါ
မထင်မှတ်ထားတဲ့
တစ်နေ့မှာ
မင်းကိုချစ်မိသွားခဲ့တယ် .....
တကယ်ဆိုရင် မင်းဟာ
ငါ့နှလုံးသားကို
တံခါးမခေါက်ပဲဝင်ရောက်ခဲ့သူပါ .....
လူတွေကမဖြစ်နိုင်ဘူးလို့
ပြောကြပေမယ့်
မမြင်ရတဲ့ ကံတရားကိုအားကိုးပြီး
မင်းကိုငါ
မျှော်လင့်စောင့်စားနေဆဲပါ .....
ငါတို့နှစ်ယောက်ရဲ့
ဝေးကွာလွန်းတဲ့ အခြေအနေတွေ .....
မင်းမရှိတဲ့ ငါ့ရဲ့အဖြစ်တွေ .....
ဆုံဆည်းခွင့်မရနိုင်သေးတဲ့
ငါတို့နှစ်ယောက်ရဲ့ ဘ၀တွေကို
ဘယ်တော့မှ အဆုံးသတ်ဖို့
မစဉ်းစားဖူးဆိုတာ
မင်းသိပါစေ............ချစ်သူ ။
မင်းနဲ့ ` စ´ဆုံကတည်းက
ပျော်ရွှင်ခဲ့ရတဲ့ငါ
မထင်မှတ်ထားတဲ့
တစ်နေ့မှာ
မင်းကိုချစ်မိသွားခဲ့တယ် .....
တကယ်ဆိုရင် မင်းဟာ
ငါ့နှလုံးသားကို
တံခါးမခေါက်ပဲဝင်ရောက်ခဲ့သူပါ .....
လူတွေကမဖြစ်နိုင်ဘူးလို့
ပြောကြပေမယ့်
မမြင်ရတဲ့ ကံတရားကိုအားကိုးပြီး
မင်းကိုငါ
မျှော်လင့်စောင့်စားနေဆဲပါ .....
ငါတို့နှစ်ယောက်ရဲ့
ဝေးကွာလွန်းတဲ့ အခြေအနေတွေ .....
မင်းမရှိတဲ့ ငါ့ရဲ့အဖြစ်တွေ .....
ဆုံဆည်းခွင့်မရနိုင်သေးတဲ့
ငါတို့နှစ်ယောက်ရဲ့ ဘ၀တွေကို
ဘယ်တော့မှ အဆုံးသတ်ဖို့
မစဉ်းစားဖူးဆိုတာ
မင်းသိပါစေ............ချစ်သူ ။
" ကျန်ရစ်ခဲ့ပြီလေ "
ချစ်သူရေ
တချိန်ကကြည်နူးခဲ့တာတွေကို
ပြန်တွေးရင်း .....
နာကျင်စွာကွဲကြေနေတဲ့
ငါ့နှလုံးတစုံက
ကျေနပ်စွာလွမ်းနေတုန်းလေ.......
အခုထိပါ
အရာရာတိုင်းမှာ
မင်းပုံရိပ်တွေထင်ဟပ်နေတုန်းလေ
တစ်ယောက်ထဲ လိုက်ရှာမိတဲ့
ညတွေမှာ
ကြယ်တွေကြားထဲ
မင်းပုန်းနေမလားလို့
လိုက်ရှာမိတဲ့ ငါ့နှလုံးသားလဲ
နွမ်းလျှနေပြီလေ........
ဒီလိုနဲ့ဘဲအချိန်တိုင်းလွမ်းရင်း
ငါ့မနက်ဖြန်တွေရဲ့
မျှော်လင့်ချက်တွေမှာ
အလိုလို ကြက်ခြေခတ်တွေနဲ့
နေထိုင်းရင်း
လွမ်းနေတဲ့ အချစ်တခုက
မင်းဆီမှာ ကျန်ရစ်ခဲ့ပြီလေ........။
ချစ်သူရေ
တချိန်ကကြည်နူးခဲ့တာတွေကို
ပြန်တွေးရင်း .....
နာကျင်စွာကွဲကြေနေတဲ့
ငါ့နှလုံးတစုံက
ကျေနပ်စွာလွမ်းနေတုန်းလေ.......
အခုထိပါ
အရာရာတိုင်းမှာ
မင်းပုံရိပ်တွေထင်ဟပ်နေတုန်းလေ
တစ်ယောက်ထဲ လိုက်ရှာမိတဲ့
ညတွေမှာ
ကြယ်တွေကြားထဲ
မင်းပုန်းနေမလားလို့
လိုက်ရှာမိတဲ့ ငါ့နှလုံးသားလဲ
နွမ်းလျှနေပြီလေ........
ဒီလိုနဲ့ဘဲအချိန်တိုင်းလွမ်းရင်း
ငါ့မနက်ဖြန်တွေရဲ့
မျှော်လင့်ချက်တွေမှာ
အလိုလို ကြက်ခြေခတ်တွေနဲ့
နေထိုင်းရင်း
လွမ်းနေတဲ့ အချစ်တခုက
မင်းဆီမှာ ကျန်ရစ်ခဲ့ပြီလေ........။
" အရင် အချိန် "
ဘယ်အချိန်ပဲ ဖြစ်ဖြစ်
နင့်အကြောင်းတွေးမိတိုင်း
ငါရင်တွေခုန်နေတုန်းပဲ .....
နင်နဲ့အတူလျှောက်ခဲ့တဲ့ လမ်းလေးကိုရောက်တိုင်း
ငါနင့်ကိုလွမ်းမိတယ် .....
နင်ပြောခဲ့တဲ့စကားတွေကို
ပြန်ကြားမိတိုင်း ငါရင်ထဲကြည်နူးမိတုန်းပဲ .....
နင်လိမ်ခဲ့သည်ဖြစ်စေ
ရင်ထဲကအတိုင်းပြောခဲ့သည်ဖြစ်စေ
ငါကျေနပ်မိခဲ့ပါတယ် .....
နင်ဘယ်ကိုရောက်နေလဲ ငါမသိပါဘူး
နင်ရှိမယ့်နေရာကိုမှန်းစပြီး
ငါလွမ်းတယ် .....
နင့်ကိုပြောမယ်ဆိုပြီးမပြောလိုက်ရတဲ့
ချစ်တယ်ဆိုတဲ့စကား
နောက်တခါ ငါတို့ပြန်ဆုံရင်
ငါနင်သိအောင်ပြောချင်ပါတယ် .....
နင်နားထောင်ချင်သေးတယ်ဆိုရင်ပေါ့လေ .....
ငါအခုနင့်ကို အရမ်းသတိရနေတာ
နင့်ကိုသိစေချင်လိုက်တာ .........။ ။

09 March 2010
" ဆာရိုနာရာ "
တစ်နေ့ကျရင်
အသေအချာ ခွဲကြရမှာပါလေ
လျှံဖိတ်လာတဲ့
ချစ်ခြင်းတွေကို အံကြိတ်ခါတင်းရင်း
"............", မျက်နှာ(x)ရယ်...
ဆက်ပြီး...
ဟန်ဆောင်ခြင်းတွေကောင်းလိုက်ပါ
နှလုံးသားရဲ့ ငိုချင်းရှည်တွေ
မပြီးမခြင်းပေါ့ ... ။
ရယူခြင်းတွေ...ပေးဆပ်ခြင်းတွေ
လက်လှမ်းမမှီတော့တဲ့အခါ
ငါ...,
ပကတိ အဖြူရောင်ချစ်ခြင်းတွေနဲ့
တိတ်တဆိတ်
ရင်ကွဲနာ ကျလျက်ပါ ။
ဆင်စွယ်ဖြူတွေလို ပြန်ဝင်ရိုးမရှိတော့တဲ့
ချစ်ခြင်းကို ရင်ဝယ်ပိုက်ကာ
ငါတို့ရဲ့...ဝေးကွာခြင်း
သံယောဇဉ် နေ့ရက်များ
အိုမင်းစေကြောင်း တောင်းဆုခြွေရင်း...
မျှော်လင့်ခြင်းဆိုတဲ့ အသိနဲ့
ငါ...,
တိတ်ဆိတ်စွာ
ရင်ကွဲနာ ကျလျက်ပါ ။ ။
(8.3.2010)monday
said ; sayonara
တစ်နေ့ကျရင်
အသေအချာ ခွဲကြရမှာပါလေ
လျှံဖိတ်လာတဲ့
ချစ်ခြင်းတွေကို အံကြိတ်ခါတင်းရင်း
"............", မျက်နှာ(x)ရယ်...
ဆက်ပြီး...
ဟန်ဆောင်ခြင်းတွေကောင်းလိုက်ပါ
နှလုံးသားရဲ့ ငိုချင်းရှည်တွေ
မပြီးမခြင်းပေါ့ ... ။
ရယူခြင်းတွေ...ပေးဆပ်ခြင်းတွေ
လက်လှမ်းမမှီတော့တဲ့အခါ
ငါ...,
ပကတိ အဖြူရောင်ချစ်ခြင်းတွေနဲ့
တိတ်တဆိတ်
ရင်ကွဲနာ ကျလျက်ပါ ။
ဆင်စွယ်ဖြူတွေလို ပြန်ဝင်ရိုးမရှိတော့တဲ့
ချစ်ခြင်းကို ရင်ဝယ်ပိုက်ကာ
ငါတို့ရဲ့...ဝေးကွာခြင်း
သံယောဇဉ် နေ့ရက်များ
အိုမင်းစေကြောင်း တောင်းဆုခြွေရင်း...
မျှော်လင့်ခြင်းဆိုတဲ့ အသိနဲ့
ငါ...,
တိတ်ဆိတ်စွာ
ရင်ကွဲနာ ကျလျက်ပါ ။ ။
(8.3.2010)monday
said ; sayonara
30 December 2009
`` အမေသို့ - ´´
အမေ..
ဖေဖော်ဝါရီ ၁၀ ရက်နေ့က
ကျွန်တော့်မွေးနေ့ တိတ်တိတ်လေး သတိရတယ် ... ။
အမေ ...
ကျွန်တော့်အတွက်တော့
အမေ့ဆီက လက်ဖြန့်တောင်းရသလောက်
ဘယ်ဟာမှ မလွယ်ပါဘူး ... ။
အမေ..
အဖေပေးခဲ့တဲ့အမွေက
မာကျောပေမယ့် သမ္မာအာဇီဝ ကျပါတယ် ... ။
အမေ..
အသက်ကြီးမှ ဘ၀စရတာ တွေးမိတိုင်း
လျော့တွဲကျနေတဲ့ အမေ့ နားထင်ကြောတွေနဲ့
ဖြူဖွေးကုန်ပြီဖြစ်တဲ့ အဖေ့ဆံပင်တွေကို
ဝမ်းနည်းတယ် ... ။
အမေ..
အိပ်ယာဝင်တိုင်း မကန်တော့ဖြစ်ပေမယ့်
ကန်တော့တဲ့အခါတိုင်း
ဦးတိုက်ခဲ့ပါတယ် ... ။
အမေ..
ကျွန်တော့်အကြွေးတွေ မဆပ်နိုင်သေးတဲ့ဘ၀မှာ
အမေတို့အကြွေးတွေ နောက်ကျခဲ့တာ
ခွင့်လွှတ်ပေးပါ ... ။
အမေ..
တဖြည်းဖြည်းဝေးခဲ့ရတဲ့
မိသားစုထမင်းဝိုင်းဟာ
အခုထိ အေးစက်နေတုန်းလား ... အမေ။
( မိသားစုနဲ့ခွဲခွါနေရတဲ့ သူငယ်ချင်းများအတွက် )
ဝင်းနိုင်၊ ပြည်။

`` အမေ ´´
သူများတွေလို
အမေ ...ပညာမတတ်ခဲ့ပေမဲ့…
ကျွန်တော်တို့ကို ပညာတတ်အောင်
သင်ပေးခဲ့တယ်။
သူများတွေလို
အမေ...မချမ်းသာခဲ့ပေမဲ့…
ကျွန်တော်တို့ကို မျက်နှာမငယ်အောင်
ထားပေးခဲ့တယ်။
သူများတွေလို
အမေ့မှာ... အဝတ်အစားမများပြားခဲ့ပေမဲ့...
ကျွန်တော်တို့ကို အမေ လှအောင်
ဆင်ပေးခဲ့တယ်။
သူများတွေလို
အမေ... သတ္တိမကောင်းခဲ့ပေမဲ့...
ကျွန်တော်တို့ရှေ့  မှာ
အမေ အမြဲတမ်း နေပေးခဲ့တယ်။
သူများတွေလို
မယုယတတ်ခဲ့ပေမဲ့...
ကျွန်တော်တို့ကို အမေထွေးပွေ့ထားခဲ့တယ်။
သူများတွေလို
စကားပြောမကောင်းခဲ့ပေမဲ့...
အမေ့ရဲ့ ပုံပြင်လေးတွေထဲမှာ
အိပ်စက်ခွင့်တွေရခဲ့တယ်။
သူများတွေလိုအမေ...
သီချင်းမဆိုတတ်ခဲ့ပေမဲ့...
မိတ္ထိလာကန်တော်အောက်က
ဖားကလေးတွေကောက်ပေးခဲ့တယ်။
မိဘရဲ့  မေတ္တာဘာလဲဆိုတာ...
အမေ မသိ။
ပေးဆပ်ခြင်းရဲ့  အဓိပ္ပါယ်...
အမေ နားမလည်ပါ။
အမေ့မှာ ပညာဗလာ ၊ ဥစ္စာနတ္ထိ
ဘာတစ်ခုမှာလည်း မရှိခဲ့ပါဘူး။
အမေဆိုတာ တစ်ခုတည်းနဲ့
အားလုံးကို ပြီးပြည့်စုံစေခဲ့တာပါ။
( အမေများနေ့အား ဤကဗျာဖြင့် ဂုဏ်ပြုပါ၏ )
ဝင်းနိုင်၊ ပြည်။
သူများတွေလို
အမေ ...ပညာမတတ်ခဲ့ပေမဲ့…
ကျွန်တော်တို့ကို ပညာတတ်အောင်
သင်ပေးခဲ့တယ်။
သူများတွေလို
အမေ...မချမ်းသာခဲ့ပေမဲ့…
ကျွန်တော်တို့ကို မျက်နှာမငယ်အောင်
ထားပေးခဲ့တယ်။
သူများတွေလို
အမေ့မှာ... အဝတ်အစားမများပြားခဲ့ပေမဲ့...
ကျွန်တော်တို့ကို အမေ လှအောင်
ဆင်ပေးခဲ့တယ်။
သူများတွေလို
အမေ... သတ္တိမကောင်းခဲ့ပေမဲ့...
ကျွန်တော်တို့ရှေ့  မှာ
အမေ အမြဲတမ်း နေပေးခဲ့တယ်။
သူများတွေလို
မယုယတတ်ခဲ့ပေမဲ့...
ကျွန်တော်တို့ကို အမေထွေးပွေ့ထားခဲ့တယ်။
သူများတွေလို
စကားပြောမကောင်းခဲ့ပေမဲ့...
အမေ့ရဲ့ ပုံပြင်လေးတွေထဲမှာ
အိပ်စက်ခွင့်တွေရခဲ့တယ်။
သူများတွေလိုအမေ...
သီချင်းမဆိုတတ်ခဲ့ပေမဲ့...
မိတ္ထိလာကန်တော်အောက်က
ဖားကလေးတွေကောက်ပေးခဲ့တယ်။
မိဘရဲ့  မေတ္တာဘာလဲဆိုတာ...
အမေ မသိ။
ပေးဆပ်ခြင်းရဲ့  အဓိပ္ပါယ်...
အမေ နားမလည်ပါ။
အမေ့မှာ ပညာဗလာ ၊ ဥစ္စာနတ္ထိ
ဘာတစ်ခုမှာလည်း မရှိခဲ့ပါဘူး။
အမေဆိုတာ တစ်ခုတည်းနဲ့
အားလုံးကို ပြီးပြည့်စုံစေခဲ့တာပါ။
( အမေများနေ့အား ဤကဗျာဖြင့် ဂုဏ်ပြုပါ၏ )
ဝင်းနိုင်၊ ပြည်။
27 November 2009
'' ကံကြမ္မာ ''
ကံကြမ္မာက ဒါဏ်ခတ်လေသလား
ချစ်သူ့အပြုံးတွေ ပျောက်ဆုံးခဲ့ပြီ
အနမ်းတွေလည်း ကွယ်ပျောက်
အလွမ်းတွေက တံခါးခေါက်တော့
ငါ့မျက်ဝန်းမှာ မိုးစက်တွေ
ဝေရပြန်ပြီလေ.....
ကိုယ့်ကိုယ်များ မေ့နေမလား
စိုးရိမ်စိတ်တွေလည်း ငြိတွယ်ခဲ့ပြီ
ငါ့အရိပ်တွေ ကွယ်ပျောက်
တခြားအရိပ်များ ခိုနားပြီလား
စိတ်အတွေးစဉ်မှာ သံသယတွေ
ဝေရပြန်ပြီလေ.....
မီးလျှံတွေကြားမှာ အထီးကျန်နေရတာ
လွမ်းမောရပါတယ် .....
ထာဝရအနား ရှိချင်ပေမယ့်
ခွဲခွါရတာ ကံကြမ္မာရဲ့အပြစ်လား
ကိုယ့်ဒုက္ခ ကိုယ်ရှာသတဲ့လား
ဒါမှမဟုတ်...........
ဖူးစာရှင်ကများ ရူးရအောင်
လုပ်နေသလားကွာ ..........။
ချစ်သူ့အပြုံးတွေ ပျောက်ဆုံးခဲ့ပြီ
အနမ်းတွေလည်း ကွယ်ပျောက်
အလွမ်းတွေက တံခါးခေါက်တော့
ငါ့မျက်ဝန်းမှာ မိုးစက်တွေ
ဝေရပြန်ပြီလေ.....
ကိုယ့်ကိုယ်များ မေ့နေမလား
စိုးရိမ်စိတ်တွေလည်း ငြိတွယ်ခဲ့ပြီ
ငါ့အရိပ်တွေ ကွယ်ပျောက်
တခြားအရိပ်များ ခိုနားပြီလား
စိတ်အတွေးစဉ်မှာ သံသယတွေ
ဝေရပြန်ပြီလေ.....
မီးလျှံတွေကြားမှာ အထီးကျန်နေရတာ
လွမ်းမောရပါတယ် .....
ထာဝရအနား ရှိချင်ပေမယ့်
ခွဲခွါရတာ ကံကြမ္မာရဲ့အပြစ်လား
ကိုယ့်ဒုက္ခ ကိုယ်ရှာသတဲ့လား
ဒါမှမဟုတ်...........
ဖူးစာရှင်ကများ ရူးရအောင်
လုပ်နေသလားကွာ ..........။
16 October 2009
" မညာပါနဲ့ကောင်မလေး "
မညာပါနဲ့ကောင်မလေးရယ်.....
ရွာမလိုလိုနဲ့တိမ်ညိုတွေဆင်ကာ လျှပ်စီးတွေ
ကိုယ့်ကောင်းကင်မှာ မင်း လင်းလက်ခဲ့ဖူးတယ်လေ .....။
မမေ့လိုက်ပါနဲ့ကောင်မလေးရယ်.....
ယုယ မလိုလိုနဲ့ အိပ်မက်တွေပေးကာ
အလွမ်းသစ်ပင်တွေ ကိုယ့်ကမ္ဘာမှာ
မင်းစိုက်ပျိုးခဲ့ဖူးတယ်လေ .....။
မရက်စက်လိုက်ပါနဲ့ကောင်မလေးရယ်.....
ကြင်နာမလိုလိုနဲ့ မင်းဟန်ဆောင်ကာ
ကိုယ့်နှလုံးသားကို ဖြားယောင်းခဲ့ဖူးတယ်လေ .....။
ဝန်ခံလိုက်ပါကောင်မလေးရယ်.....
ဝေးကွာနေတဲ့ ကိုယ်တို့ရဲ့အဖြစ်ကို
ချစ်ခြင်းနဲ့ အဆုံးသတ်ချင်လို့ပါကွယ် .....။

22 May 2009
\" အမုန်းမရှိတဲ့အချစ် \"
ကောင်မလေးရေ...........
အစကတည်းက မင်းဟာ
ငါ့ နှလုံးသားရပ်ဝန်းမှာ
ခိုနားချင်တဲ့ဆန္ဒတွေရှိနေရင်
ရိုးသားစွာရင်ထဲကို ၀င်လာခဲ့ပါလား.....
ဘာဖြစ်လို့............
ငါ တန်ဖိုးမထားတဲ့
မာယာတွေကိုအသုံးပြုပြီး
ရင်ထဲကချစ်ခြင်းတွေကို
ညာယူခဲ့ရတာလဲကွာ.....
ရိုးလွန်းသူခံစတမ်းဆိုပြီး
နောက်ကွယ်မှာဟားတိုက်ကာ
မင်း လှောင်ရီနေမယ်ဆိုရင်လည်း
ငါကျေနပ်စွာပဲ အရှုံးပေးပါတယ်.....
ကောင်မလေးရေ.........
အရာအားလုံးကို ငါ
ခွင့်လွှတ်တယ်ဆိုပေမဲ့လည်း
သိပ်နာကျည်းစရာတွေရှိလာခဲ့ရင်
မင်းကို အချစ်လျော့သွားမှာတော့မဟုတ်ပါဘူး.....
ဒါပေမဲ့.........
မင်းအနားကနေ
အဝေးဆုံးကိုပဲ
ငါ ထွက်ပြေးပါရစေ......။

13 May 2009
“ ကောင်မလေးအတွက် ”
ကောင်မလေးရေ .....
နှုတ်မဆက်ဘဲ ထွက်ခွါသွားသူမှာ
သံယောဇဉ် ဆိုတာ
ရှိနိုင်ပါဦးမလား ...
မျှော်လင့်မနေပါနဲ့
ယုံကြည်မှုဆိုတာ
ဟန်ဆောင်တတ်သူတွေအတွက်
ပေးအပ်ဖို့ မကောင်းတဲ့အရာပါ
ဝေး ဝေးထွက်ပြေးသူကို
တွေး တွေးပြီးဆွေးနေရင်
နူးညံ့လွန်းတဲ့
နှလုံးသားသာ အက်ကွဲကြောင်းတွေ
အရာထပ်လိမ့်မယ်
ကြယ်တစ်စင်း ကြွေသွားတိုင်း
နှမြောတသ မနေပါနဲ့
ကောင်းကင်ပေါ်မှာ ကြယ်တွေက
ရေတွက်လို့မရအောင်
များပြားပါတယ်ကွာ.....။
ကောင်မလေးရေ .....
နှုတ်မဆက်ဘဲ ထွက်ခွါသွားသူမှာ
သံယောဇဉ် ဆိုတာ
ရှိနိုင်ပါဦးမလား ...
မျှော်လင့်မနေပါနဲ့
ယုံကြည်မှုဆိုတာ
ဟန်ဆောင်တတ်သူတွေအတွက်
ပေးအပ်ဖို့ မကောင်းတဲ့အရာပါ
ဝေး ဝေးထွက်ပြေးသူကို
တွေး တွေးပြီးဆွေးနေရင်
နူးညံ့လွန်းတဲ့
နှလုံးသားသာ အက်ကွဲကြောင်းတွေ
အရာထပ်လိမ့်မယ်
ကြယ်တစ်စင်း ကြွေသွားတိုင်း
နှမြောတသ မနေပါနဲ့
ကောင်းကင်ပေါ်မှာ ကြယ်တွေက
ရေတွက်လို့မရအောင်
များပြားပါတယ်ကွာ.....။
“ သံယောဇဉ် ”
ကောင်မလေးရေ .....
သံယောဇဉ်ဆိုတာကို မင်းဘယ်လိုနားလည်မလဲ ...
ခင်မင်မှုဆိုတာကိုရော မင်းဘယ်လိုဆုံးဖြတ်မှာလဲ ...
မင်းမသိတဲ့ ... မင်းမမြင်ဖူးတဲ့ ...
လူတစ်ယောက်ရဲ့ ခံစားချက်ကိုရော
မင်းဘယ်လောက်ထိ နားလည်ပေးမှာလဲ ...
ဘယ်လိုပဲဖြစ်ဖြစ်လေ ...
ငါ့ရင်ထဲမှာ မင်းရှိနေမယ် ...
ငါမသိတဲ့မင်းကို စဉ်းစားရင်းလွမ်းနေမယ် ...
စိတ်အရမ်းကောက်တတ်တဲ့ ကောင်မလေး
ဘယ်လိုပုံစံလဲ ဆိုတာကို တွေးရင်းနဲ့
ကြည်နူးနေမယ် .....
မင်းကျေနပ်တဲ့အထိ
ငါ တတ်နိုင်တာတွေကို ဖြည့်ဆည်းပေးချင်တယ်
ယုံလား ..... ?

08 May 2009
“ မင်းသိရင် ”
မဆုံနိုင်မဲ့အတူတူ မေ့ပစ်လိုက်ဖို့
တွေးဆရင်း တိတ်တဆိတ်
မျက်ရည်ကျနေရတဲ့ ငါ့အတွက်
ညတွေက ခါးတယ်ဆိုတာ မင်းသိရင် .......
ဖြူစင်တဲ့ အကြင်နာစကားလေးတွေ
မင်းပြောတော့ တမ်းညွှတ်နေတဲ့
နှလုံးသားကို ဦးနှောက်နဲ့ထိန်းချုပ်ရင်း
သံယောဇဉ် ကြိုးစကလေးတွေကို
ငါဖြတ်တောက် နေခဲ့တယ်ဆိုတာ မင်းသိရင် .......
ကျန်ရစ်ခဲ့မှာကို သိပ်ကြောက်တဲ့ငါ
မင်းထားရစ်မဲ့ နေ့ကိုမရောက်ခင်
မင်းမပါဝင်နိုင်တော့မဲ့ ခါးသီးခြင်း
မနက်ဖြန်တွေကို ငါတစ်ယောက်တည်း
ရင်ဆိုင်လျှောက်လမ်းတတ်ဖို့
ကြိုးစားနေခဲ့တယ်ဆိုတာ မင်းသိရင် .......
တကယ်တမ်းကျတော့
ငါဘ၀မှာမင်းသာ မရှိတော့ဘူးဆိုရင်
ငါရဲ့အချစ်ကဗျာတွေမှာလည်း
ကာရံတွေပျောက်ကွယ်သွားနိုင်တယ်ဆိုတာ မင်းသိရင်.......။

28 April 2009
“ အဝေးက...ချစ်သူသို့ ”
ချစ်သူ......
ကံကြမ္မာသာ ငါနဲ့မင်းရဲ့ကြားမှာ
ထာဝရ ရပ်တည်ပေးခဲ့မယ်ဆိုရင်
ဝေးကွာခြင်းတွေလည်း အခုလို
ဖြတ်သန်းစီးဆင်းလာနိုင်မှာမဟုတ်ပါဘူး....
မင်းကိုချစ်ခဲ့မိတာ ငါ့အမှားဆိုရင်
အမှန်ကိုမမြင်နိုင်ပဲ မင်းထံမှာ
ငြိတွယ်နေတဲ့ ငါ့နှလုံးသားကိုပဲ
အပြစ်ပေးရလိမ့်မယ်.......
ဝေးကွာခြင်းနေ့ရက်တွေကို
“န၀ဒေး”တံတားပေါ်မှာ ရေတွက်ရင်း
အနာဂတ်မဲ့တဲ့ လမ်းမထက်မှာ
မင်းပုံရိပ်ကလေးတွေကို
စိတ်ကူးနဲ့ရှာဖွေမိခဲ့တယ်........
ငါနဲ့မင်းချစ်ခဲ့ကြတာ
အိပ်မက်တစ်ခုသာဖြစ်ခဲ့မယ်ဆိုရင်
အိပ်မက်တွေပြန်အသက်သွင်းခွင့်ရဖို့
မင်းပြန်လာမဲ့နေ့လေးကို ငါ..မျှော်လင့်နေတယ်........။

“ အချစ်ရဲ့ အောင်ပွဲ ”
ကြယ်တွေစုံတဲ့
လပြည့်ညလေးမှာ
ပြတင်းပေါက်လေးဖွင့်ပြီး
ကောင်းကင်ကိုကြည့်မိတော့
သူ့မျက်နှာကို မြင်တယ်......။
မဖြစ်နိုင်ပါဘူးလို့
မျက်ဝန်းကိုမှိတ်ပြီး
ခေါင်းယမ်းလိုက်တော့
သူ့အပြုံးကိုတွေ့တယ်......။
လေညင်းကလေး
နဘေးကဖြတ်သွားလို့
ယောင်မှားပြီး နားကိုပိတ်လိုက်တော့
သူ့အသံချိုချိုလေးကိုကြားတယ်........။
ငါရဲ့........
စွဲလန်းမှုတွေကို
မနာလိုဘူးနဲ့တူတယ်
ကြယ်ကလေးတွေက
မျက်စောင်းထိုးပြီး
“ရူးနေတာလား”လို့ မေးတယ်....။
လမင်းလေးကတော့
ဘာအကူအညီပေးရမလဲတဲ့
သူ့လိပ်စာကိုတောင်းတယ်...။
ငါ....
လုံးဝအထင်မကြီးတဲ့
အချစ်ကတော့
စာနာမှုကင်းမဲ့စွာ
မှော်အတတ်နဲ့လှောင်လို့နေတယ်....။
ကြယ်တွေစုံတဲ့
လပြည့်ညလေးမှာ
ပြတင်းပေါက်လေးဖွင့်ပြီး
ကောင်းကင်ကိုကြည့်မိတော့
သူ့မျက်နှာကို မြင်တယ်......။
မဖြစ်နိုင်ပါဘူးလို့
မျက်ဝန်းကိုမှိတ်ပြီး
ခေါင်းယမ်းလိုက်တော့
သူ့အပြုံးကိုတွေ့တယ်......။
လေညင်းကလေး
နဘေးကဖြတ်သွားလို့
ယောင်မှားပြီး နားကိုပိတ်လိုက်တော့
သူ့အသံချိုချိုလေးကိုကြားတယ်........။
ငါရဲ့........
စွဲလန်းမှုတွေကို
မနာလိုဘူးနဲ့တူတယ်
ကြယ်ကလေးတွေက
မျက်စောင်းထိုးပြီး
“ရူးနေတာလား”လို့ မေးတယ်....။
လမင်းလေးကတော့
ဘာအကူအညီပေးရမလဲတဲ့
သူ့လိပ်စာကိုတောင်းတယ်...။
ငါ....
လုံးဝအထင်မကြီးတဲ့
အချစ်ကတော့
စာနာမှုကင်းမဲ့စွာ
မှော်အတတ်နဲ့လှောင်လို့နေတယ်....။
25 March 2009
“ နားလည်ပေးပါ ”
မေ့နိုင်မည်မဟုတ်မှန်း
သိနေခဲ့လို့မေ့ပစ်ဖို့လည်း
မဖြစ်နိုင်တော့ပါဘူးလေ....
နှလုံးသားထဲမှာ
မှတ်တမ်းတစ်ခုအနေနဲ့
ဝမ်းနည်းခြင်းတွေကတော့
အမြဲရှိနေမှာပါလေ...
ရွှေအိုရောင်လိုတောက်ပတဲ့
နေ့ရက်တွေပျောက်ဆုံးလို့
ကိုယ်လေ...
အလွမ်းတွေကိုထမ်းပိုးရင်း
မျက်ရည်မိုးတွေလည်း
ရွာချတတ်နေပြီလေ....
ဆိုးလွန်းတဲ့ကံတရား
အရမ်းချစ်ရတဲ့ချစ်သူ
အလေးထားရတဲ့သူငယ်ချင်း
အခုတော့လည်း...
သွေဖီလို့သွားကြပြီလေ....
ဆုတောင်းတိုင်းသာ
ပြည့်ခဲ့မယ်ဆိုရင်
ကိုယ်လေ...
နောက်ဘ၀ဆိုတာ
မတောင်းတချင်တော့ပါဘူး
ဒီလိုအဖြစ်ဆိုးမျိုးကိုထပ်ပြီတော့
မကြုံချင်တော့လို့ပါကွာ.........။
မေ့နိုင်မည်မဟုတ်မှန်း
သိနေခဲ့လို့မေ့ပစ်ဖို့လည်း
မဖြစ်နိုင်တော့ပါဘူးလေ....
နှလုံးသားထဲမှာ
မှတ်တမ်းတစ်ခုအနေနဲ့
ဝမ်းနည်းခြင်းတွေကတော့
အမြဲရှိနေမှာပါလေ...
ရွှေအိုရောင်လိုတောက်ပတဲ့
နေ့ရက်တွေပျောက်ဆုံးလို့
ကိုယ်လေ...
အလွမ်းတွေကိုထမ်းပိုးရင်း
မျက်ရည်မိုးတွေလည်း
ရွာချတတ်နေပြီလေ....
ဆိုးလွန်းတဲ့ကံတရား
အရမ်းချစ်ရတဲ့ချစ်သူ
အလေးထားရတဲ့သူငယ်ချင်း
အခုတော့လည်း...
သွေဖီလို့သွားကြပြီလေ....
ဆုတောင်းတိုင်းသာ
ပြည့်ခဲ့မယ်ဆိုရင်
ကိုယ်လေ...
နောက်ဘ၀ဆိုတာ
မတောင်းတချင်တော့ပါဘူး
ဒီလိုအဖြစ်ဆိုးမျိုးကိုထပ်ပြီတော့
မကြုံချင်တော့လို့ပါကွာ.........။
“ တောင်းဆိုခြင်း ”
လပြည့်ညမှာ
ကိုယ်လေ...
ကောင်းကင်ကြီးကိုကြည့်ရင်း
မင်းကိုပဲသတိရလာခဲ့မိပြန်တယ်....
ခံစားမှုတွေလည်းလေ
ဖောက်ထုတ်ခွင့်မရတိုင်း
ရင်ထဲမှာသိမ်းဆည်းရလွန်းလို့
ကိုယ်လေ...
အသက်ရှုရတာတောင်
မွန်းကြပ်လွန်းလှတယ်ကွာ....
ကိုယ်နဲ့မင်း
ဆုံတွေ့ခွင့်မရခဲ့တာကို
ကိုယ်တွေးမိလေတိုင်း
လရိပ်ခိုပြီ်း ငိုရှိုက်မိခဲ့တာကို
မင်းကတော့မသိနိုင်ပေမဲ့
လမင်းလေးကတော့ သိနိုင်ပါတယ်လေ....
အခုဆိုရင်...
ကိုယ်လေ....
မင်းကိုလွမ်းရလွန်းလို့
ကိုယ့်ဘ၀မှာအပျော်ဆိုတာ
မရှိအောင်ခြောက်သွေ့နေပါတယ်.....
ကိုယ်ရဲ့အနာဂတ်တွေကို
ရှင်သန်လာအောင်
စွမ်းဆောင်နိုင်တဲ့သူဟာ
မင်းတစ်ယောက်တည်းရှိတာပါကွာ....
မင်းသာကယ်တင်မယ်ဆိုရင်
ဒီအလွမ်းကမ္ဘာထဲက
ကိုယ်လွတ်မြောက်မှာပါ
လွတ်မြောက်ခြင်းတွေကို
ကိုယ်အတွက်ပေးသနားလှည့်ပါလားကွာ......။
11 March 2009
" ရင်ထဲကအချစ် "
ကလေးရေ....
သံယောဇဉ်ဆိုတာ
အချစ်အတွက်တွန်းအား
တစ်ခုသာဖြစ်ခဲ့မယ်ဆိုရင်
ငါလေ.....
သံယောဇဉ်ဆိုတဲ့ကြိုးနဲ့
မင်းနှလုံးသားလေးကို
ပထမဦးဆုံး “ စ ”ချည်ချင်ပါတယ်...။
ကလေးရေ...
သတိရရဲ့လားလို့
မင်းနဲ့ဆုံခွင့်ရတိုင်းဖွင့်မေးဖို့
ကြိုးစားချင်ပေမဲ့လည်း
ငါလေ....
ရင်ထဲမှာပဲ့တင်သံတွေအဖြစ်နဲ့ပဲ
အဆုံးသတ်နေခဲ့ပါတယ်....။
ဒါပေမဲ့....
ငါလေ.....
မင်းမျက်ဝန်းလေးတွေကိုရင်ခုန်
ချိုမြိန်တဲ့မင်းအပြုံးလေးနဲ့
သာယာတဲ့မင်းအသံတွေကြားမှာ
မိုက်မဲစွာယစ်မူး
ရုန်းထွက်ဖို့မေ့လောက်အောင်
အလူးအလိမ့်ကိုကျရှုံးနေပါတယ်....။
ကလေးရေ...
အခုဆိုရင်ငါ့ဆီမှာ
မင်းအတွက်ချစ်ခြင်းတွေ
ရင်ထဲမှာအပြည့်ရှိပါရဲ့
ပေးခွင့်မရသေးတဲ့ဘ၀မှာတော့
နှလုံးသားပြတိုက်ထဲမှာပဲ
ငါလေအသေအချာ
သိမ်းဆည်းထားပါတယ်....။
ကလေးရေ....
သံယောဇဉ်ဆိုတာ
အချစ်အတွက်တွန်းအား
တစ်ခုသာဖြစ်ခဲ့မယ်ဆိုရင်
ငါလေ.....
သံယောဇဉ်ဆိုတဲ့ကြိုးနဲ့
မင်းနှလုံးသားလေးကို
ပထမဦးဆုံး “ စ ”ချည်ချင်ပါတယ်...။
ကလေးရေ...
သတိရရဲ့လားလို့
မင်းနဲ့ဆုံခွင့်ရတိုင်းဖွင့်မေးဖို့
ကြိုးစားချင်ပေမဲ့လည်း
ငါလေ....
ရင်ထဲမှာပဲ့တင်သံတွေအဖြစ်နဲ့ပဲ
အဆုံးသတ်နေခဲ့ပါတယ်....။
ဒါပေမဲ့....
ငါလေ.....
မင်းမျက်ဝန်းလေးတွေကိုရင်ခုန်
ချိုမြိန်တဲ့မင်းအပြုံးလေးနဲ့
သာယာတဲ့မင်းအသံတွေကြားမှာ
မိုက်မဲစွာယစ်မူး
ရုန်းထွက်ဖို့မေ့လောက်အောင်
အလူးအလိမ့်ကိုကျရှုံးနေပါတယ်....။
ကလေးရေ...
အခုဆိုရင်ငါ့ဆီမှာ
မင်းအတွက်ချစ်ခြင်းတွေ
ရင်ထဲမှာအပြည့်ရှိပါရဲ့
ပေးခွင့်မရသေးတဲ့ဘ၀မှာတော့
နှလုံးသားပြတိုက်ထဲမှာပဲ
ငါလေအသေအချာ
သိမ်းဆည်းထားပါတယ်....။
Subscribe to:
Posts (Atom)