20 January 2009

ချစ်သူ....
မတွေ့ရတာကြာပြီနော်
(ဒီတော့)ကိုယ်သတိရနေတာကို
မင်းလည်းမသိနိုင်ပါဘူး...။

မျှော်လင့်ထားတာတွေလည်း
မပြည့်အ၀မရတဲ့အခါ
လမ်းခွဲဖို့ကြိုးစားမိတာ
ရက်စက်တယ်လို့
မင်းစွပ်စွဲမယ်ဆိုလည်း
ဝန်ခံလိုက်ဖို့ဆုံးဖြတ်ခဲ့ဖူးတယ်...။

စာနာပေးပါ....ချစ်သူ
မခိုင်မာတဲ့ကိုယ့်နှလုံးသားကို
မင်းလာပြီးမလှုပ်နိုးပါနဲ့
ရင်ထဲမှာမုန်တိုင်းတွေ
မတိုက်ချင်တော့ပါဘူးကွယ်....။

No comments: