29 January 2009

“ အလွမ်း ပွင့်တဲ့ ဆောင်း ”

နေ့ခင်းကြောင်တောင်မှာ
လရောင်တွေ လင်းလက်ခဲ့ဖူးတာ
ဒဏ္ဍာရီမှ မဟုတ်ခဲ့ဘဲကွာ.....။

အိမ်မက်တွေကို
ပုံရိပ်ဖမ်းချင်ပေမဲ့
အလှမ်းက မမီခဲ့ဘူး.....။

အဖြူရောင်ခေါင်းစဉ် တစ်ခုနှင့်
ရှင်သန်သွားဖို့ကိုတောင်
ကြမ္မာမိုးက ခပ်ခေါင်ခေါင်ရယ်.....။

တကယ်တော့.......
မင်းနဲ့ဆုံခဲ့ဖူးတဲ့ သည်တစ်ဆောင်းဟာ
အလွမ်းတွေပွင့်ဖို့ သက်သက်ရယ်ပါ.....။ ။

No comments: