29 January 2009

“ အရင်အတိုင်းပဲ........လွမ်းတယ် ”

မဆုံနိုင်မှတော့ ဝေးကြတာပဲ
အားလုံးမပြောလည်း ငါသိပါတယ် .....။

မေ့မရလို့ ဆွေးတိုင်းမှာသာ
ရေးတတ်တဲ့ ကဗျာအားလုံးဟာ
ပြောနေကျလွမ်းရက်တွေ အကြောင်းချည်းဖြစ်နေတာ
ဆိုးတယ် .....။

သည်လိုနဲ့ပဲ.............
အခန်းကျဉ်းထဲက ပြက္ခဒိန်သာ ငါးခါပြောင်းတယ်
လွမ်းနာကျတာ ခုထိမကောင်းမသေးဘူး .....။
ထီး တစ်ခါဆောင်းမယ်
အနွေး တစ်ခါဝတ်မယ်
နွေ တစ်ခါပြန်ခေါင်မယ်...........
အားလုံးဟောင်းတစ်ခါ သစ်တစ်လှည့်နှင့် .....။

ပြောကြသားပဲ
သွားပတ်သက်ခဲ့တဲ့ အဲဒီ့အချစ်က မီးထက်မကတဲ့
ခုတော့ ........ဂစ်တာတီးတတ်စ ငါ
“ ဒီဇင်ဘာည ” ကိုပဲ အထပ်ထပ် ညည်းနေရတယ်.....။ ။

No comments: