20 January 2009

နှလုံးသားနှင့်ရင်း၍…

နှလုံးသားနှင့်ရင်း၍…
ရင်မှာထင်ကျန်ဆဲ
မင်းအချစ်တွေလည်း
မေ့လို့မရသေးပါ..

ဟိုတစ်ချိန်က
အမှတ်ရစရာများ
ကွယ်ပျောက်မသွားပါ…

ဝေဒနာများခါးသက်ခံစားရင်း
ငိုကြွေးမှုသံစဉ်များ
ထပ်ခါရွတ်ဆိုနေဆဲပါ…

ငါမျှော်လင့်ခဲ့မင်းအချစ်များ
နောက်တစ်ခေါက်
ရအုံးမလား
စိတ်ကူးယဉ်ဆန်စွာ
ငါပျံသန်း
အလွမ်းရက်များ
ရှည်ကြာဆဲပါ….

ချည်နှောင်နေတဲ့
သံယောစဉ်
အဆုံးသတ်မှာတော့
သားကောင်းရတနာ
တစ်ပါးဖြစ်ရေးအတွက်
စတေးမှုဟာ
ငါ့နှလုံးသားတဲ့လား…..?

No comments: