'' မပြည့်လေသော ကိုယ့်ဆုတောင်း ''
လမင်းကြီးလေ
လမင်းကြီးလေ
ကိုယ်ဖြစ်ချင်တယ်
မှောင်မိုက်တဲ့ညတွေမှာ
မင်းအတွက်
အလင်းရောင်းပေးချင်လို့ပါ..။
ဂျိုကာကလေး
ကိုယ်ဖြစ်ချင်တယ်
ဝမ်းနည်းအားငယ်တဲ့ အချိန်မှာ
ပျော်စရာတွေကို
မင်းအတွက်
ဖန်တီးချင်လို့ပါ...။
လက်တွဲဖော်လေး
ကိုယ်ဖြစ်ချင်တယ်
ကြမ်းတမ်းတဲ့ဘ၀ခရီးလမ်းမှာ
မင်းနဘေးမှာထာဝရလိုက်ပါချင်လို့ပါကွာ...။ ။
No comments:
Post a Comment