“ ရည်စူးကြယ် ”
လမ်းကွဲသွားတာပါ
လမ်းခွဲသွားတာ မဟုတ်ပါဘူး .....။
ကိုယ့်အတ္တကိုယ် ကိုးကွယ်ကြရင်း
ရည်စူးကြယ်လေး
မာနသွေးတွေ စွန်းရင်း
မြေခသွားခဲ့ပြီ .....။
အိမ်မက်တွေ ရေတိမ်နစ်ပြီးတဲ့အခါ
ပျက်စီးသွားတဲ့ အနာဂတ်ထဲမှာ
အလွမ်းတွေ
မျက်ကန်းတစ္ဆေမကြောက်တော့ သလို
သေမလောက်နာတဲ့ ဒဏ်ရာတွေအောက်မှာ
ဒီထက်နက်တဲ့ ချောက်တွေ ရှိသေးရင်တောင်
ဒီဘ၀လောက်
မှောင်နိုင်လိမ့်မယ် မထင်တော့ .....။
အယောင်ဆောင်များရဲ့
နှစ်တစ်ရာပေါင်းမယ်ဆိုတဲ့ စကားတွေကြားမှာ
သစ္စာတရားဆိုတာ
မမြစ်ပါသွားတဲ့ လဲပြိုမှုတဲ့လား .....။
လမ်းဆုံမှာမဆိုက်တဲ့ ဘ၀ရထားတွေလို
ဦးတည်ရာအမှားတွေကြားမှာ
ဒုက္ခကိုသာ ထည်လဲတွဲမယ်
ငါတို့ ...... လမ်းအကွဲမှာ နေကြရုံ .....။ ။
No comments:
Post a Comment