“ မြတ်နိုးမှု စစ်တမ်း ”
ချစ်သူ .....
အချစ်ဆိုတာသိချင်လို့
မင်းကို ချစ်တာ မဟုတ်ဘူး .....
ငါ့အတွက် အချစ်ဆိုတာ
တသသကြည့်နေစရာ
နံရံကပ် ပိုစတာတစ်ခု မဟုတ်ဘူး .....
လှပတဲ့ ဘူးထဲက
မင်္ဂလာလက်စွပ်လည်း မဟုတ်ဘူး .....
ငါနားလည်တဲ့အချစ်ဟာ
ချစ်သူ မျက်ရည်ကျရင်
သုတ်ပေးတတ်တဲ့ ငါ့လက် ဖြစ်တယ် .....
ချစ်သူရဲ့ နာကျင်မှုကို
ဝေမျှရင်း တူညီစွာခံစားပေးတဲ့
ငါ့ရင်ဘတ် ဖြစ်တယ် .....
ခုအချိန်မှာ ငါသိတဲ့အချစ်က
ကျောခိုင်းသွားသူ မင်းတစ်ယောက်
စိတ်ဆင်းရဲမှာကို စိုးရိမ်မကင်းစွာ
ကြောက်နေတတ်တဲ့
ငါ့နှလုံးသားပဲ ဖြစ်တယ် ........။
No comments:
Post a Comment