“ နှောင်းခဲ့တဲ့ စိတ်အစဉ်မှာ ”
မိုးမရွာသင့်တော့တဲ့အချိန်
ဆောင်းတွင်းကာလ တစ်ခုမှာ
မိုးရွာခဲ့သလို
ကိုယ်လည်း မချစ်သင့်တော့တဲ့
အချိန်ရောက်မှ မင်းကိုချစ်ခဲ့မိတယ် .....
မင်းကိုယ်တိုင်လည်း မသိ
အခြားဘယ်သူမှလည်း မသိနိုင်တဲ့
ကိုယ့်ရင်ထဲက ခံစားမှုတွေ
ဘယ်တော့များမှ ကျေပျက်သွားနိုင်မှာလဲ .....
အဲဒီနေ့ကို စောင့်စားရင်း
ကိုယ်ရင်မောလာတယ် .....
အဲဒီနေ့ဆိုတာရော ရှိနိုင်ပါဦးမလား
ထိန်းချုပ်လို့မရတဲ့ ကိုယ့်စိတ်တွေကိုလည်း
ထိန်းချုပ်မနေချင်တော့ဘူး .....
မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ မင်းကို
တစ်သက်လုံး စွဲလမ်းသွားဖို့
ကိုယ့်ကိုယ်ကို
ရူးမိုက်စွာနဲ့ ခွင့်ပြုလိုက်ပြီ .....။ “ moonperi ”
No comments:
Post a Comment