07 February 2009

“ အဖြည့်ခံ ”

ငါက
မင်းရေးဆွဲခဲ့ပြီး
ဘောင်ခတ်ချိတ်ဆွဲခံ ပန်းချီကားတစ်ချပ်ပါ .....
မင်းလွမ်းလို့
ပြန်ပြီး ခံစားချင်ရင်
ငါ့ဆီရောက်လာတတ်ခဲ့ပေမယ့်
မေ့ပျောက်နေတဲ့ အချိန်ဆိုလည်း
ဟိုးအဝေးမှာ နေသားကျနေတတ်တယ်နော် .....
ငါကတော့
မင်းဘောင်ခတ်ခဲ့တဲ့အတိုင်း
ပတ်ဝန်းကျင်ရဲ့
အာခံမှုကိုမှ ဂရုမထား
မင်းပြန်အလာကိုသာ
သစ္စာရှိရှိ စောင့်ပေးနေရတာ .....
မင်းခံစားရေးဖွဲ့ခဲ့တဲ့ ငါ
(မင်းအတွက်)
မလိုအပ်တော့တဲ့ ဆေးတစ်စက်ဆိုလည်း
ဖျက်ပစ်လိုက်ပါတော့ ......။

No comments: