'' မပြီးဆုံးသေးတဲ့ပန်းချီကား "
သဘာဝရဲ့တံတိုင်းတွေကို
ကျော်ဖြတ်နိုင်စွမ်းမရှိခဲ့လို့
ဝမ်းနည်းခြင်းတွေနဲ့အတူ
မျှော်လင့်ခြင်းဆိုတဲ့
ပန်းချီကားတစ်ချပ်ကို
ကိုယ်စဆွဲဖြစ်ခဲ့တယ်.....။
သတိရခြင်း...
တမ်းတခြင်း...
လွမ်းရခြင်းဆိုတဲ့
ဆေးစက်တွေကိုချခဲ့မိလို့
ရင်ထဲကဝေဒနာတွေကို
ပန်းချီကားလေးသိသွားခဲ့တယ်...။
မွန်းကျပ်မှုတွေ
လှိုင်းထန်လာတိုင်း
မထိန်းချုပ်နိုင်ခဲ့လို့
ပန်းချီကားလေးထံမှာ
အကြိမ်ကြိမ်အခါခါ
ပေါက်ကွဲခဲ့မိပြန်တယ်....။
အိပ်မက်ဆိုးတွေမက်ရင်း
လန့်နိုးလာမှကိုယ်အခန်းထဲ
ပန်းချီကားလေး
ငိုနေတယ်ဆိုတာ
ကိုယ်သိခွင့်ရခဲ့တယ်...။
ပန်းချီကားလေးရေ
ဖြူစင်နေတဲ့မင်းနှလုံးသားကို
အရောင်ဆိုးခဲ့မိတဲ့အတွက်
ကိုယ်ကိုခွင့်လွှတ်ပါနော်...။
ကိုယ်လေ......
နောက်ထပ်ဆေးစက်တွေ
ဘယ်တော့မှမချတော့ပါဘူးကွယ်.......။
No comments:
Post a Comment