“ အရိပ် ”
တိတ်တိတ်ကလေးပဲ
ကိုယ်က သူ့အနားမှာ ဖူးပွင့်ချင်တယ် .....
ခြေတစ်လှမ်း လှမ်းတိုင်း
သူ့ကိုယ်ငွေ့ဝှက်ထားသော လေပြေသာ
ကိုယ့်အတွက် တိုက်ခတ်စေပါတော့ .....
လောကမှာ
အခြားအရာတွေသာ ပြည်ဖုံးကားချလို့ရမယ်
ကိုယ့်ရင်ထဲက သစ်ရွက်တွေတော့
ဆယ့်နှစ်ရာသီ ဝေနေတာပဲ .....
သူ သွားနေကျ လမ်းကလေးမှာ
ခဏလေးဖြစ်ဖြစ်
ကိုယ်က အရိပ်ပေးချင်တဲ့ သစ်ကိုင်း .....
သူထိုင်သွားတဲ့ ခုံတန်းလေးမှာ
သူပြန်သွားပြီးတိုင်း
တစ်ကိုယ်ရေ ကြွေနေရတဲ့ ၀ိညာဉ် .....
နေ့ရက်တိုင်း မျိုသိပ်ခံစားရင်းနဲ့
ဖြူစင်တဲ့ မျက်ဝန်းလေးကို မထိရက်ဘူး .....
ကိုယ့်ကမ္ဘာလေးထဲမှာပဲ ကိုယ်က
ငေးကြည့်အချစ်တွေ ရွာကျနေမိသူ .....။
No comments:
Post a Comment