21 February 2009

“ အလွမ်းမိုး ”

မိုးစက်တွေကို
ငေးကြည့်ရင်းနဲ့
အတိတ်ရဲ့နေ့ရက်တွေကို
ကိုယ်လွမ်းဆွတ်မိခဲ့တယ် ....

အရာရာဟာ
အသစ်ဆိုတာ
ဦးနှောက်ကလက်ခံပေမဲ့လည်း
နှလုံးသားက လက်မခံခဲ့ ....

ဦးနှောက်နဲ့နှလုံးသား
ပြိုင်ပွဲတွေမှာ
နှလုံးသားအနိုင်ရတာကို
ကျေနပ်နေမိခဲ့တယ် ....

ဒါပေမဲ့လေ.......
ဒဏ်ရာရခဲ့တဲ့
နှလုံးသားလေး အတွက်တော့
ကိုယ်ကြေကွဲ နေရဦးမှာပါ .....။

No comments: